author Call Us: 503 2256

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေ ဒါတွေသိထားရမှာပါ အပိုင်း (၁)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေ ဒါတွေသိထားရမှာပါ အပိုင်း (၁)

အိမ်ခြံမြေနယ်ပယ်ထဲမှာ ကျွမ်းကျင်ပြီးကောင်းမွန်တဲ့အကျိုးဆောင်ကြီးတွေဖြစ်လာစေဖို့ရန်အတွက် အောက်ပါအချက်အလက်တွေကို မှတ်သားထားပါ။ ကျွန်တော့် ကိုယ်တွေ့ထဲမှာ အရေးကြီးဆုံးက အိမ်ခြံမြေနဲ့တိုက်ခန်းပိုင်တဲ့သူတွေ သိသင့်တဲ့အချက်တွေပါ ။ ဒါတွေကို အိမ်ခြံမြေပွဲစားကြီးတွေကလည်း ညက်ညက်ကျေအောင် သိထားသင့်ပါတယ်

၁။ လင်နှင့်မယားအတူပိုင်သည် မြန်မာဗုဒ္ဓဘာသာ လင်မယားပစ္စည်းအတူပိုင်ကြပါတယ် ။ တစ်ဦးမသိဘဲ ကျန်တစ်ဦးက လွှဲပြောင်းရောင်းချလို့မရဆိုပြီး ဓလေ့ထုံးတမ်း ဥပဒေမှာ ဆိုထားပါတယ်။ နိုင်ငံတော်အစိုးရက ချပေးထားလို့ လင်ယောက်ျားအမည်ပေါက် မြေကွက်သည်လည်း လက်ထပ်ပွားဖြစ်၍ နှစ်ဉီးပိုင်ပါတယ် ။ ဒါကြောင့် ဇနီးမောင်နှံ တို့ထံမှ အိမ်၊ ခြံ၊ မြေ ၊ တိုက်ခန်းဝယ်ရင် ဇနီးမောင်နှံ နှစ်ဉီးစလုံးရဲ့ လတ်မှတ်တွေကို ရယူထားပါ။

၂။ သားကြီးဩရသ မိဘ လုပ်ငန်းကူညီလုပ်ကိုင်ကြသော သားကြီးဩရသနဲ့ သမီးကြီးဩရသတို့သည် အမွေစု၏ လေးပုံ တစ်ပုံ ဆိုင်သည်ကို အကြမ်းသိထားပါ ။ ဒါကြောင့် အိမ်ထောင်မရှိတော့ပေမဲ့ သားသမီးရှိနေသူတွေ ထံက ခြံ ၊ တိုက် ၊ တိုက်ခန်းဝယ်ရင် သားသမီးလတ်မှတ်များကို ရယူထားရပါမယ် ။

၃။ သေတမ်းစာ ( Will ) တိုက်၊ ခြံ ၊ တိုက်ခန်းတို့ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အမွေပစ္စည်းတွေ ဖြစ်လာကြမှာပါ ။ ဗုဒ္ဓဘာသာဝင်မှန်ရင် အမွေကိစ္စ “သေတမ်းစာ” ရေး၍မရပါ ။ အမွေစားအမွေခံအားလုံးသဘောတူညီရင်တော့ ” မိသားစုစီမံ” ကိုရေးသားပြုလုပ်လို့ရပါတယ်။ နှုတ်ဖြင့် စီမံမှုပြုလုပ်လျှင်လည်း ရပါတယ် ။ ဒါပေမဲ့ မခိုင်မာပါ။ (မဘွင နှင့်မရင်၊ SJ- ၉၅ နှင့် ပစ္စည်းလွှဲ ၉/ခ တို့အရ) စာချုပ်ဖြင့် “မိသားစုစီမံမှု” ကိုရေးသားပြီးစာချုပ်စာတမ်းမှတ်ပုံတင်လျှင် အခိုင်မာဆုံးဖြစ်ပါတယ် ။

၄။ မွေးစားသားသမီး အမွေစားအမွေခံ မွေးစားလိုလျှင် မွေးစားစာချုပ်ကို မှတ်ပုံတင်ရပါမယ် ။ (၁၉၃၉ခုနှစ် ကိတ္ထိမ သားသမီးမွေးစားခြင်းအက်ဥပဒေနှင့် စာချုပ်မှတ်ပုံတင် ပုဒ်မ ၁၆/စ )အရ မှတ်ပုံမတင်ပါက အမွေကိစ္စတွင် တရားမဝင်ပါ။

၅။ အမွေဖြတ်သည် မိဘတို့ဆန္ဒတစ်ခုတည်းဖြင့် အမွေဖြတ်၍ မရပါ ။ အမွေဖြတ်ရန် (သွာနုတ္တ သားသမီးဖြစ်ရန် ) မှာ မိညတို့အား ရန်သူသဖွယ် ပြုကျင့်ဆက်ဆံခြင်း ၊ မိဘတို့၏ စီးပွားကို ပျက်စီးအောင် ထင်ရှားစွာ ပြုမူခြင်းတို့ ရှိရပါမယ် ။ ( တရားရုံးကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ် )

၆။ ဘိုးဘပိုင်မြေ ( မြေပိုင်မြေ) အင်္ဂလိပ်တို့အုပ်ချုပ်ထားစဉ် မြို့ကွက်ပြင်ဆင်၍ ပြည်သူများအားရောင်းချခဲ့စဉ်က ဝယ်ထားခဲ့ကြသော မြေများနှင့်လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေအရ လယ်မြေ ၊ ဥယျာဉ်မြေအစရှိသည်တို့မှ ပြောင်းလဲ သတ်မှတ်ပေးခဲ့သော မြေများပါဝင်ပါတယ် ။ ( ရောင်း ၊ ပေါင် ၊ လွှဲပြောင်း ၊ ခွဲစိတ်ပိုင်ခွင့် ရှိပါတယ် ) ။ [အောက်မြန်မာပြည် မြို့ /ကျေး ပုဒ်မ ၈(ဂ) ]

၇။ ဂရန်မြေ (မြေငှားစာချုပ်မြေ ) အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့စဉ်က မြေပိုင် မဝယ်နိုင်သူများကို ငှားရမ်းခ သတ်မှတ်၍ အငှားချ နေထိုင်စေခဲ့သည့် မြေများနှင့်လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ အရ ချထားပြီး ပါမစ် ၊ စကွာတာ ၊ ရွာမြေတို့မှ မြေအမျိုးအစား ပြောင်းလဲလာခဲ့သော မြေများ ပါဝင်ပါတယ် ။ (ရောင်း ၊ ပေါင် ၊ လွှဲပြောင်း ၊ ခွဲစိတ်ပိုင်ခွင့် ရှိပါတယ် ) (အောက် မြို့ /ကျေးပုဒ်မ ၁၆/က )

၈။ ၃(ခ) [3(B)] ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ အခန်း (၁)အပိုဒ် ၃(ခ) အရ လယ်ယာမြေဟူသော စကားရပ်တွင် မပါတော့သော မြေများဖြစ်ပြီး လူနေမြေ ဖြစ်လာပါတယ် ။ ( ရောင်း ၊ ပေါင် ၊ လွှဲပြောင်း ၊ ခွဲစိတ်ပိုင်ခွင့် ရှိပါတယ် ) (လ/န ၃၉ နှင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃၀)

၉။ လ/န ၃၉ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၉၏ လုပ်ပိုင်ခွင့်များအရ သမ္မတက ခန့်အပ်ထားသော အာဏာပိုင်သည် မည်သည့်မြေမျိုးကိုမဆို လူနေမြေ (မြို့မြေ) အဖြစ် သတ်မှတ်နိုင်သည်လို့ ပါရှိပါတယ် ။ ( ရောင်း ၊ ပေါင် ၊ လွှဲပြောင်း ၊ ခွဲစိတ်ပိုင်ခွင့် ရှိပါတယ် ) မှတ်ချက် ။ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဉပဒေကို ၃၀-၃-၂၀၁၂ နေ့တွင် ဖျက်သိမ်းပြီးဖြစ်သော်လည်း လ /န ၃၉ကိုတော့ ဆက်လက်သုံးစွဲခွင့် ရှိပါသည်။

၁၀။။ ချထားမြေ နိုင်ငံတော်မှ ချထားပေးသည် ။ တချိန်ချိန်မှာ မြေငှားစာချုပ်ထုတ်ပေးနိုင်သည် ၊ ထုတ်ပေးပါသည် ။ (ဥပမာ – တောင်ဉက္ကလာပ ၊ မြောက်ဉက္ကာလပ ၊ တောင်/မြောက် ဒဂုံမြို့သစ် ) မြေငှားစာချုပ်မရမီ ရောင်း ၊ပေါင်၊ လွှဲပြောင်း ၊ ခွဲစိတ်ပိုင်ခွင့်မရှိပါ ။ ( အောက်မြို့/ကျေး ပုဒ်မ ၁၆/ခ အရ) အိမ်ပွဲစားပညာရပ်အတွက် အပိုင်း (၁)ကိုတင်ဆက်ပြီး ကျန်ရှိသည့်အပိုင်းများကို နောက်နေ့တွေမှာ ထပ်မံတင်ဆက်ပေးဦးမှာမို့ စောင့်မျှော်ဖတ်ရှူကြပါဉီးခင်ဗျာ

Union House Myanmar မှ ပရိဿတ်အများအကျိုးအတွက်ဆရာကြီး ကြည်စိုး(I.C) ရေးသားသည့်အိမ်ဘုရင်၏ အိမ်ပွဲစားပညာ စာအုပ်မှ ပြန်လည်ဖော်ပြပါသည်

img

sithumin

Related posts

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

ရာဖြတ်တန်ဖိုးနဲ့ စာချုပ်ချုပ်ဆိုခြင်း

မေး - သိန်း၅၀၀၀နဲ့...

Continue reading
sithumin
by sithumin

အိမ်ပွဲစားလုပ်မယ်ဆိုရင်မဖြစ်မနေဒါတွေ သိထားဖို့လိုမယ် အပိုင်း (၆)

အိမ်ခြံမြေ ငှားရမ်းရာမှာ...

Continue reading
sithumin
by sithumin

Join The Discussion