author Call Us: 503 2256

အိမ်ရောင်းမည့်သူတို့ရဲ့တာဝန်နဲ့အခွင့်အရေးများ

အိမ်ရောင်းမည့်သူတို့ရဲ့တာဝန်နဲ့အခွင့်အရေးများ

အိမ်ခြံမြေရောင်းချမည်ဆိုလျှင် ဝယ်ယူမည့်သူမှာလည်း လိုက်နာရမဲ့အချက်ရှိသလို ရောင်းသူမှာလည်းရောင်းချမည့်သူတို့ရဲ့ တာဝန်ဝတ္တရားများကို သိရှိထားမှသာ ရောင်းမှားဝယ်မှားကင်းရှင်းကြမှာပါ ။ ဒီတပတ်မှာတော့ ကျွန်တော်တို့ Union House Myanmar ကနေ ရောင်းသူတို့ လိုက်နာ ကျင့်သုံးသင့်တဲ့အချက်များနဲ့ ရရှိနိုင်မဲ့အခွင့်အရေးများကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

ရောင်းသူတို့ တာဝန် အတိုမှတ်မှာ (ရှုပ်ရှင်း၊ချို့ယွင်း၊အကုန်ပြ၊မေးတာ၊ စောင့်ရှောက်ကြ၊ပြီးလျှင် အကုန်လွှဲ၊ များလည်းလွှဲ၊မလွှဲခင်ထမ်း၊များသူယူစတမ်း)

(ရှုပ်ရှင်း) မိမိရောင်းချမည့်အိမ်ခြံမြေသည် အရှုပ်အရှင်းမရှိပိုင်ဆိုင်ကြောင်းခိုင်လုံတဲ့အထောက်အထား ၊ ရောင်းချခွင့်ရှိမှသာ ရောင်းရမည်။

(ချို့ယွင်း) အိမ်၏ ချို့ယွင့်ချက်များရှိပါကလည်း ရောင်းသူအားပွင့်လင်းစွာပြောပြရမည်။

(အကုန်ပြ) ပိုင်ဆိုင်မှုစာချုပ်စာတမ်း ၊ ဂရန်စာချုပ်အားလုံးအား ပြသရမည် ။

(မေးတာ) ဝယ်ယူမည့်သူက ရောင်းမည့်အိမ်ခြံမြေနှင့်ပတ်သတ်သမျှမေးခွန်းကို မေးတဲ့အခါ သိသမျှဖြေကြားရမည်။

(စောင့်ရှောက်) စရန်စာချုပ်ချုပ်ထားစဉ်အတွင်း ပစ္စည်းမအပ်နှံရသေးခင်အထိ မပျက်စီးမထိ‌ခိုက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်။

(ပြီးလျှင် အကုန်လွှဲ) ငွေအကျေချေပြီးရောင်းဝယ်ခြင်းကိစ္စပြီးမြောက်သည့်အခါ စာရွက်စာတမ်းများအားလုံးကို လွှဲပေးရမည်။

(များလည်းလွှဲ) စရန်ငွေပမာဏ များစွာပေးချေထားလျှင်လည်း ကျန်ငွေကို ခံဝန်စာချုပ်နဲ့ သီးခြားချုပ်ဆိုပြီးနောက် ပစ္စည်းကို ကြိုတင်လွှဲပြောင်းနိုင်သည်။

(မလွှဲခင် ထမ်း) ရောင်းချမည့်ပစ္စည်းများအားလုံး ကို ဝယ်ယူသူထံမလွှဲပြောင်းရသေးခင်အချိန်အထိ ရောင်းသူက အခွန်အားလုံးကို ပေးချေရမည်။

(များသူယူစတမ်း) စုပေါင်းဝယ်ယူခြင်းဖြစ်လျှင် ငွေပမာဏအများဆုံးပေးချေသူကိုသာ စာချုပ်စာတမ်းအပ်နှံရမည်။

ရောင်းသူတို့က ရရှိမည့်အခွင့်အရေးတွေအနေနဲ့ အတိုမှတ် (မလွှဲမီစား၊ချန်ငွေပေါ်လဲစား၊ အားလုံးရဖို့ အဓိက)

(မလွှဲမီစား) အိမ်ခြံမြေမလွှဲပြောင်းရသေးခင်ကာလအတွင်းရရှိမည့်အကျိုးအမြတ်များကို ရောင်းသူကသာ ရရှိနိုင်သည်။

(ချန်ငွေပေါ်လည်းစား) ရောင်းချတန်ဖိုးကိုအလုံးစုံမပေးချေသေးခင် ရောင်းချပစ္စည်းကိုလွှဲပြောင်းခဲ့လျှင်လည်း ချန်လှပ်ငွေကို ခံဝန်စာချုပ်ချုပ်နိုင်သည် ၊ အတိုးတောင်းခံပိုင်ခွင့်လည်းရှိသည်။

(အားလုံးရဖို့ အဓိက) ရောင်းချသူအတွက်ကတော့ ရောင်းချငွေ တန်ဖိုးအားလုံးရဖို့ အဓိကပါပဲ ။

Union House Myanmar မှ ပရိဿတ် အများ အကျိုးအတွက် ဆရာကြီးကြည်စို (IC) အိမ်ပွဲစားပညာစာအုပ်မှ ထုတ်နုတ်ရေးသားပါသည်

img

sithumin

Related posts

testing

hello...

Continue reading
admin
by admin

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

Join The Discussion