author Call Us: 09503 2256
ဝယ်ယူသူတို့ ၏တာဝန်နဲ့အခွင့်အရေးများ

ဝယ်ယူသူတို့ ၏တာဝန်နဲ့အခွင့်အရေးများ

အိမ်ပွဲစားမြေပွဲစား ပြုလုပ်မဲ့ ပွဲစားကြီးတို့အတွက် ရောင်းသူနဲ့ပနာသင့် အဆင်ပြေနေဖို့ပဲလိုအပ်ရုံမကပါဘူး ဝယ်မဲ့သူနေရာမှာလည်း ဝယ်လက်ကောင်းကောင်းရှိဖို့အရေးကြီးပါတယ် ရောင်းသူရော ဝယ်သူပါ အဆင်ပြေမှ “အရောင်းအဝယ်” ဆိုတာ ဖြစ်ကြတာပါ ။ ရှေ့တစ်ရက်မှာရောင်းသူ တို့ရဲ့တာဝန်နဲ့အခွင့်အရေးများကို တင်ဆက်ခဲ့ပြီးပြီမို့ ဒီတစ်ခေါက်မှာတော့ ဝယ်သူတို့ရဲ့ တာဝန်နဲ့အခွင့်အရေးများကို တင်ဆက်ပေးပါမယ်ခင်ဗျာ။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၅အရ ဝယ်သူတို့လိုက်နာရမည့်တာဝန်များ ၁။သိရင်ပြောဝယ် ရောင်းသူက တန်ဖိုးမသိ၍ ဈေးနည်းစွာရောင်းချခြင်းကို ဝယ်ယူသူက သိရှိလျှင် ထိုအကြောင်းအရာကို ရောင်းသူအားပြောကြားရမည်။ ၂။ရောင်းပြီးအကုန်ပေး ရောင်ချခြင်းပြီးမြောက်သည့်အခါ တန်ဖိုးငွေအားလုံးကို ပေးချေရမည်။ ၃။လွှဲပြီးကိုယ်ခံ ပစ္စည်းအား ဝယ်ယူပြီးငွေပြေဖြစ်စေ (သို့) ပေးရန်ကျန်ရှိသည်ဖြစ်စေ ပစ္စည်းအားလွှဲပြောင်းလက်ခံရရှိပြီး‌တဲ့နောက်မှာ ပစ္စည်းထိခိုက်မှု ဆုံးရှုံးမှု နစ်နာမှု တစ်စုံတစ်ရာရှိလျှင် ဝယ်ယူသူကသာ ခံရမည်။ ၄။နောက်တော့ကိုယ်ပေး ပစ္စည်းလွှဲပြောင်းပြီချိန်မှစပြီး အခွန်အကောက်များ ၊ငှားရန်းခများကို ဝယ်သူကသာပေးချေရမည်။ ဝယ်သူက […]

အငှားပိုင်ရှင်နဲ့ငှားရမ်း သုံးစွဲသူတို့ရဲ့တာဝန်နဲ့အခွင့်အရေး

အငှားပိုင်ရှင်နဲ့ငှားရမ်း သုံးစွဲသူတို့ရဲ့တာဝန်နဲ့အခွင့်အရေး

ငှားရမ်းသူနဲ့ ငှားရမ်းသုံးစွဲမည့်သူဆိုတာ တစ်ကြိမ်တခါ ပတ်သတ်ရတဲ့သူ‌တွေမဟုတ်ဘဲ လ နဲ့ချီ ၊ နှစ်နဲ့ချီရေရှည်ညှိနှိုင်းဆက်ဆံရမဲ့ သူတွေဖြစ်လို့ မငှားခင်ကတည်းက ငှားရမ်းခြင်းနဲ့ပတ်သတ်တဲ့ အချက်အလက်များကို ပြည့်ပြည့်စုံစုံလေ့လာထားမှသာ မဖြစ်သင့်တဲ့ပြသနာတွေမဖြစ်ကြရမှာပါ ဒါကြောင့်မို့ အငှားပိုင်ရှင်နဲ့ ငှားရမ်းသုံးစွဲမည့်သူတို့ လိုက်နာရမဲ့ တာဝန်နဲ့ ဘယ်လိုဘယ် ပုံအခွင့်အရေးများလည်းရရှိနိုင်တယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၁၀၈(က)နှင့် (ခ) အရ… အငှားပိုင်ရှင်တို့လိုက်နာရမည့်တာဝန်(၂)ချက် ၁- မိမိပစ္စည်း၏ ချို့ယွင်းချက်ကို ငှားရမ်းသူအားကြိုတင်ပြောပြရမည် ၂- ငှားမည့်ပစ္စည်းကို ငှားရမ်းသုံးစွဲမည့်သူအား လက်ရောက်ပေးအပ်ရမည် အငှားပိုင်ရှင်တို့ ရနိုင်မည့်အခွင့်အရေး (၂)ရပ် ၁- ပစ္စည်းလက်ရောက်ပေးအပ်ထားသည့်ငှားရမ်းစဉ်ကာလအတွင်း ငှားရမ်းခကို အပြည့်အဝရယူခွင့်ရှိသည် ၂- ငှားရမ်းပါစာချုပ်အတိုင်းအသုံးပြုခြင်းဟုတ်မဟုတ် ကြည့်ရှူပိူင်ခွင့်ရှိသည် ငှားရမ်းသုံးစွဲမည့်သူတို့လိုက်နာရမည့် တာဝန် (၇)ချက် (အတိုမှတ်ရန်) ၁။သိရင်ပြောပြ ပိုင်ရှင်မသိနိုင်သည့်အကျိုးအမြတ်တို့ ရှိနိုင်ပါက ငှားရမ်းသူမှ […]

စီးပွားလာဘ်လာဘပွင့်စေဖို့ အိမ်ဆောက်လုပ်ရာမှာ သိသင့်တဲ့ အချက်များ

စီးပွားလာဘ်လာဘပွင့်စေဖို့ အိမ်ဆောက်လုပ်ရာမှာ သိသင့်တဲ့ အချက်များ

စီးပွားလာဘ်လာဘပွင့်စေဖို့ အိမ်ဆောက်လုပ်ရာမှာ သိသင့်တဲ့ အချက်များ စီးပွားလာဘ်လာဘပွင့်စေဖို့ အိမ်ဆောက်လုပ်ရာမှာ သိသင့်တဲ့ အချက်များ မိမိဝယ်ယူ ပြီးသား မြေ နေ ရာမှာ အိမ်ဆောက်လုပ်တော့မယ်ဆိုရင် စီးပွားလာဘ်လာဘ ပွင့်ပြီး အိမ် ဆောက်လုပ်ရာမှာ မှားယွင်းမှု ကြောင့် အိမ်တွင်း ခိုက်ရန်ဖြစ်ပွားခြင်းမျိုး မ ဖြစ်ရအောင် – အိမ်ထောင်ဦးစီးရဲ့နေ့နံ ပေါ်မူတည်ပြီးမှ အိမ်ဆောက်ရမဲ့ ရက်ကောင်းရက်သာ ရွေးချယ်ပါ – အမျိုးအစားမတူညီတဲ့ သစ်ချင်း ဆက် ပြီး ဆောက်လုပ်တာမျိုး မပြုလုပ်သင့် – အိမ်ကို မဆောက်ခင်ကတည်းက ခြံစည်းရိုး ကိူ အရင်ဆုံး စနစ်တကျ ခတ်တာမျိုး မပြုလုပ်ရ – သစ်စိမ်သား ၊ မအူ ၊ သခွတ် ၊ လက်ပံ ၊ […]

ကြို ပွိုင့်စနစ်နဲ့ တိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် ဒါတွေ သိထားသင့်တယ်

ကြို ပွိုင့်စနစ်နဲ့ တိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် ဒါတွေ သိထားသင့်တယ်

ကြို ပွိုင့်စနစ်နဲ့ တိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် ဒါတွေ သိထားသင့်တယ် ကြို ပွိုင့်စနစ်နဲ့ တိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် ဒါတွေ သိထားသင့်တယ် ယခု အခါမှာ ကြိုပွိုင့်စနစ်နဲ့ဝယ်ယူမှု က ကန်ထရိုက်လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတို့အကြား အများဆုံးတွေ့ရလေ့ရှိတဲ့ ဝယ်ယူမှုစနစ်တစ်ခု ဖြစ်ပေမဲ့ မြေရှင် နဲ့ ပတ်သတ်တဲ့ တိုက်ခန်းကိုဝယ်ယူသူတွေလည်း ရှိကြပါတယ် ၊ မြေရှင်နဲ့ ကန်ထရိုက်ရဲ့ နှစ်ဦးသဘောတူ အပေးအယူ စာချုပ်အရ အချိုးကျကျ ပိုင်ဆိုင် ကြတဲ့ တိုက်ခ​န်းတွေကို ကန် ထရိုက်ဘက်ကဝယ်ရင် ဘာဖြစ်မလဲ ​​​မြေရှင်ဘက်က ဆိုရင် ရော ဘာ​​တွေ သိထားသင့်လဲဆိုတာ ကို ယခုအခါမှာ ကျွန်တော်တို့ Union House Myanmar က တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ တိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် မြေရှင်ဘက်ကလား ကန်ထရိုက်တာဘက်ကရမဲ့ အခန်းလားဆိုတာကို […]